အမရပူရ စက်တင်ဘာ ၁၃
အမရပူရမြို့၊ ဆောင်းဒါးရက်ကန်းနှင့် သက်မွေးပညာသိပ္ပံကျောင်း အစည်းအဝေးခန်းမတွင် ယနေ့နံနက်၉ နာရီအချိန်ကမန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေး လုပ်ငန်းကော်မတီနှင့် ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတို့ပူးပေါင်းပြီး Botanical Printing သင်တန်းဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေး ကော်မတီအတွင်းရေးမှူး ဒေါ်မို့မို့သွင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ပြောကြားပြီးဆောင်းဒါးရက်ကန်းနှင့် သက်မွေးပညာ သိပ္ပံကျောင်း၊ ဒုတိယကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဝင်းကြည်က ယခုသင်တန်းသည်သမရိုးကျ သင်တန်းမဟုတ်ကြောင်း၊ သင်တန်းဖွင့်နိုင်ရေးကို ကြိုးစားခဲ့ရကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မှတ်တမ်းဓာတ်ပုံစုပေါင်းရိုက်ကူးခဲ့ကြကြောင်း သိရသည်။ အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၂၀ ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကို စက်တင်ဘာလ ၁၃ ရက်နေ့မှ စက်တင်ဘာလ ၁၉ ရက်နေ့ထိတစ်ပတ်ကြာဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ကြောင်းသိရသည်။
စိုးသီဟ(အမရ)