အမ်း စက်တင်ဘာ ၁၃
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင် အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)နှင့် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အမ်းမြို့နယ်အတွင်းရှိ ကျေးရွာ (၆)ရွာတွင် ပြည်သူလူထုကိုယ် တိုင် ကျေးရွာများ၏ ပကတိလို အပ်ချက်များဖော်ထုတ်ပြီး ကဏ္ဍအလိုက်ဖွံ့ဖြိုးရေးအစီအစဉ်များကို စနစ်တကျစုပေါင်းကာ ကဏ္ဍပေါင်းစုံပါဝင်သည့် ဖွံ့ဖြိုးရေးအစီအစဉ် တစ်ရပ်ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ကျေးရွာ ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းစီမံကိန်း(VDP) အားလည်းကောင်း၊ အမ်းမြောက်ကျေးရွာအုပ်စု ဒိုင်ကြီးကျေးရွာတွင် ဒေသထုတ်ကုန်များကို ဈေးကွက်နှင့် စနစ်တကျချိတ်ဆက်၍ စဉ်ဆက်မပြတ် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများအား အစုအဖွဲ့အသွင်(သို့မဟုတ်)သမဝါယ မပုံစံ ဖြင့် (Commercial Scale)ကို တက်လှမ်းပိုင်ဆိုင်နိုင်ရန်အတွက် မျော်မှန်း၍ ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းစီမံကိန်း(VDP)နှင့်ကျေးလက် စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်ကကျေးလက် နေပြည်သူများ၏ လူနေမှုဘဝတိုးတက်မြင့်မားလာစေရေးအတွက် ဆင်းရဲမှုလျော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ဒေသထုတ်ကုန်များကို ဈေးကွက်နှင့် စနစ်တကျချိတ်ဆက်၍ စဉ်ဆက်မပြတ် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်လိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းထွန်းက ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင် အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)နှင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက်က ကျေးလက်နေပြည်သူများကိုယ်တိုင် မိမိတို့ကျေးရွာ၏ လိုအပ်ချက်များကို တိုက်ရိုက် အကောင်အထည်ဖော်ဆောင်ရွက်ရတဲ့အတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း၊ အများသဘောတူ ဆန္ဒဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်စိုးတို့က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံ ကိန်း(VDP) ကျေးရွာ (၆)ရွာအား စီမံကိန်းရန်ပုံငွေ (၁၅၀)သိန်းစီနှင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) ရန်ပုံငွေ (၃၀၀)သိန်းအားကျေးရွာကော်မတီများနှင့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းအဖွဲ့(၄)ဖွဲ့တို့အား လွှဲပြောင်းပေး အပ်ခဲ့ကြကြောင်းသိရသည်။
စိုးမင်းထွန်း