တပ်ကုန်း စက်တင်ဘာ ၁၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက် (ရွာသစ်)အခြေခံပညာအလယ်တန်းကျောင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း၊ စာသင်ဆောင်တွင် ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၂)ဒေါက်တာခင်မောင်ထွန်း၊ မြို့နယ်သာသနာရေးမှူး ဦးနီ၊ မြို့နယ်ဥပဒေရုံးမှ ဒုတိယဥပဒေအရာရှိ ဒေါ်ကြယ်စင်မင်း၊ ကျောင်း အုပ်ဆရာမကြီးဒေါ်သီတာမြင့်နှင့် ကျောင်းသား/သူများ၊ စုစုပေါင်းအင်အား ၂၀၀ ဦးတက်ရောက်ခဲ့ပြီး၊ ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် ဒေါက်တာခင်မောင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်ဥပဒေရုံးမှ ဒုတိယဥပဒေအရာရှိ ဒေါ်ကြယ်စင်မင်းက သာသနာရေးနှင့်ပတ်သက်သည့် ဥပဒေအကြောင်း၊ မြို့နယ်သာသနာရေး ဦးစီးဌာနမှ လက်ထောက်- ၄ ဦးလွင်အောင်က ၃၈-ဖြာမင်္ဂလာ၊ ဘာသာရေးနှင့်ပတ်သက်သည့် အကြောင်းအရာများ ရှင်းလင်းဟောပြောခဲ့ကြပြီး၊ Grade-3 ကျောင်းသား/သူများက ၃၈-ဖြာမင်္ဂလာကဗျာဖြင့် ကပြဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်