မအီ စက်တင်ဘာ ၁၃
မအီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် မအားလပ်နိုင်၍ ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်/ကျေးရွာများနှင့် စာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံးများအရောက် လိုက်လံငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မအီမြို့၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းရုံးသို့ မအီမြို့ရုံးဝန်ထမ်းများမှ သွားရောက်ငှားရမ်း ပေးခဲ့သည်။
စာအုပ်ငှားရမ်းဖတ်ရှုသူများ အဆင်ပြေစေရေးအတွက် ရွေ့လျားစာကြည့်တိုက်ကို သုတ/ရသ စာအုပ်များကိုယူဆောင်သွားပြီး စာအုပ်အသစ်များကိုလည်း အပတ်စဉ် လဲလှယ်ဖြည့်ဆည်းပေးလျက်ရှိကြောင်းနှင့် ယခုငှားရမ်းပေးခဲ့သောစာအုပ်များကို ရက်သတ္တပတ် တစ်ပတ်ပြည့်လျှင် ပြန်လည်အပ်နှံကာ စာအုပ်အသစ်များကို ထပ်မံငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မအီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများစာပေအလွယ်တကူ ဖတ်ရှုနိုင်စေရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ရပ်ကွက်/ကျေးရွာများနှင့် စာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံးများအရောက် လိုက်လံငှားရမ်းပေးခြင်းဖြစ်ပြီး မြို့ရုံး၊ ပြည်သူ့စာကြည့်တိုက်တွင်လည်း မည်သူမဆို(အခမဲ့) လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။
မောင်မောင်ဌေး(ပြန်/ဆက်)