လွိုင်လင်ခရိုင်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားကျင်းပ

လွိုင်လင် စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ဒုတိယနေ့ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)တွင် ကျင်းပပြုလုပ်ပါသည်။

ရှေးဦးစွာ ဒုတိယနေ့ ပြိုင်ပွဲအစီအစဉ်မကျင်းပမီ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်က အမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယနေ့ အတီးပြိုင်ပွဲ၊ တပင်တိုင်အကနှင့် အမျိုးသမီး အခြေခံကဗျာလွတ်အကများကို ကျင်းပပြီးနောက် မွန်းလွဲ(၁)နာရီတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပခဲ့သည်။

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (လွိုင်လင်ခရိုင်အဆင့်) ပြိုင်ပွဲဆုချီးမြှင့်ပွဲကို ကျင်းပရာ ရှမ်းရိုးရာအကနှင့် အမျိူသမီးကဗျာလွတ်အကပြိုင်ပွဲတွင် ဆုရရှိသူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင် ကလည်းကောင်း၊ တပင်တိုင်အက (၁၀-၁၅) အမျိုးသား/ အမျိုးသမီးပြိုင် ပွဲတွင်ဆုရရှိသူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီး ထက်ဇော်နှင့် ခရိုင်ရဲမှူး ဒုတိယရဲမှူးကြီး မြင့်စိုးတို့မှလည်းကောင်း၊ အလားတူအတီးပြိုင်ပွဲ၊ ခေတ်ဟောင်း၊ ကာလပေါ်အဆိုပြိုင်ပွဲ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်အဆိုပြိုင်ပွဲ၊ ဝါသနာရှင်(ဒုတိယအဆင့်)ပြိုင်ပွဲနှင့်၊ ဝါသနာရှင် (အဆင့်မြင့်)ပြိုင်ပွဲများတွင် ဆုရရှိကြသည့်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အသီးသီးဆုများ ချီးမြှင့်လိုက်ပြီးနောက် အခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းလိုက်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)