ညောင်ဦးမြို့နယ်တွင် စပျစ်သီးစိုက်ပျိုးသည့် တောင်သူများ အောင်မြင်ဖြစ်ထွန်း ထပ်မံစိုက်ပျိုးသူများ ယခုနှစ်တွင် များလာ

ညောင်ဦး စက်တင်ဘာ   ၁၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုနှင့် သစ်ထောင့်အုပ်စုရှိကျေးရွာများတွင် စပျစ်သီးနှံ စမ်းသပ်စိုက်ပျိုးကြရာ အသီးသီးနှုန်း ကောင်းမွန်နေခြင်းကြောင့် ဆွတ်ခူးရောင်းချချိန် ဈေးနှုန်း၊ ဈေးကွက် ကောင်းမွန်ဖို့သာ မျှော်လင့်နေကြောင်း သစ်ထောင့်တောင်ကျေးရွာ စပျစ်သီးနှံ တစ်ဧကခွဲ စိုက်ပျိုးသည့် ဦးအေးကိုထံက သိရသည်။

စပျစ်သီးနှံသည် မြန်မာမျိုးရင်း စပျစ်မရှိဘဲ ပြည်ပနိုင်ငံမျိုးရင်းများသာရှိပြီး စပျစ်မျိုးပေါင်း (၄၀) ကျော်ရှိကြောင်း၊ ရေရှိသည့် ဒေသတိုင်း စပျစ်သီးနှံ စိုက်ပျိုး၍ရကြောင်း သိရပြီး စမ်းသပ်စိုက်ပျိုးသည့် ဒေသများတွင် ရာသီဥတုဒဏ်ခံနိုင်သည့် အကြမ်းခံ စပျစ်မျိုးများကိုသာ ဦးစားပေး စိုက်ပျိုးဖို့ မျိုးရွေးချယ်ပေးကြောင်း စပျစ်စိုက်ပျိုးမှု ကျွမ်းကျင်လာလျှင် ဈေးနှုန်း ကောင်းမွန်သည့် မျိုးများ စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေးနည်းများ မျှဝေပေကြောင်း မြန်မာနိုင်ငံ အနှံ့အပြား စပျစ်စိုက်ပျိုးနည်း လက်တွေ့စိုက်ပျိုးနည်း မျှဝေပေးနေသည့် ရမည်းသင်းမြို့မှ ကိုမင်းဆက်ပိုင်က ရှင်းပြသည်။

ကျွန်တော်စပျစ်သီးနှံ စတင်စိုက်ပျိုးရန်အတွက် စတင်စိုက်ပျိုးရန် ရမည်းသင်းမှ စပျစ်စိုက်ပျိုးရေး လိုက်လံမျှဝေပေးနေသည့် ကိုမင်းဆက်ပိုင်နှင့် စတင်ဆက်သွယ်ကာ အီတလီ နံပါတ်(၃)စပျစ်မျိုး အား ပြာသိုလတွင် စတင်စိုက်ပျိုးခဲ့ကြောင်း တစ်ပင်တစ်ထောင်ကျပ် ပေးဝယ်ရကာ စိုက်ခင်း အရောက် နှစ်ထောင်ကျပ်ဖြင့် စတင်စိုက်ပျိုးခဲ့ကြောင်း စိုက်ခင်းပိုင်ရှင်ကပြော ကြားသည်။ ပျိုးပင်များ အားတစ်ပင်နှင့်တစ်ပင် ခြောက်ပေအကွာ ကျင်းတူးစိုက်ပျိုးကြကြောင်း စတင်စိုက်ပျိုးသည့်လမှ ဆယ်လအကြာတွင် စတင်အသီးသီးကြောင်း သိရပြီး ပထမဆုံးသီးသည့် အချိန်တွင် စပျစ်ပင်တစ်ပင် မှစပျစ်သီး ငါးပိသာခန့်သီးကြောင်း၊ သုံးနှစ်သားမှ ငါးနှစ်သား စပျစ်ပင် တစ်ပင်လျှင် စပျစ်သီး ဆယ့်ငါးပိဿာမှ ပိဿာနှစ်ဆယ်ထိ သီးကြောင်း စမ်းသပ်စိုက်ပျိုးသည့် စပျစ်ခင်းပိုင်ရှင်များ အသီးသီးအား ကောင်းမွန်ခြင်းကြောင့် ဈေးနှုန်းကောင်းရန်သာ မျှော်လင့်နေကြကြောင်း သိရသည်။

စပျက်သီးနှံပင်သည် နှစ်ရှည်သီးနှံပင်ဖြစ်ကာ နှစ်နှစ်ဆယ်မှ နှစ်သုံးဆယ်ထိ သက်တမ်းကြာရှည်ပြီး တစ်သီးသီးပြီးတိုင်း စပျစ်ကိုင်းစပျစ်နွယ်များ ဖြတ်ပြီး ရောင်းချရကြောင်း၊ လေးလတစ်ကြိမ် အသီး ဆွတ်ခူးရကာ အသီးသီး စတင်ရင့်ချိန် ရေနိုင်နိုင်သွင်းရပြီး အသီးရင့်မှည့်ချိန်တွင် စတင်ဆွတ်ခူးရောင်း ချမည်ဖြစ်ကြောင်း သိရကာ စမ်းသပ်စိုက်ပျိုးမည့် စပျစ်စိုက်ပျိုးတောင်သူ (၁၀)ဦးခန့် စိုက်ပျိုးနေပြီးဖြစ်ကြောင်း သိရကာ စပျက်သီးဈေးနှုန်းတစ်နေရာနှင့် တစ်နေရာ၊ တစ်မြို့နှင့်တစ်မြို့ စပျစ်သီးမျိုးအလိုက်လည်း ဈေးနှုန်းကွာခြားကြောင်း လက်ပံခြေပေါ်အုပ်စုကျေးရွာများနှင့် သစ်တောင်ကျေးရွာအုပ်စုကျေးရွာများတွင် BlackQueen(BQ) စပျစ်မျိုးနှင့် အီတလီနံပါတ်(၃) မျိုးနှစ်မျိုး စတင်စိုက်ပျိုးကြကာ စတင်စမ်းသပ်စိုက်ပျိုးသည့် နှစ်မှာပင် အသီးသီးနှုန်း ကောင်းပြီး အောင်မြင်ဖြစ်ထွန်းနေခြင်းကြောင့် ဈေးကွက်ဈေးနှုန်းကောင်းရန်သာ မျှောလင့်နေကြကြောင်း သိရသည်။

ဒီပါလင်း(ပြန်/ဆက်)