ကလောမြို့နယ်၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်ရေးရာ အသိပညာပေး ကွင်းဆင်းဆောင်ရွက်

ကလော   စက်တင်ဘာ   ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀နာရီက အင်းပြင် ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်ရေးရာအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ကျောင်းသား၊ကျောင်းသူများအား လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်ရေးရာ အကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်ကျော့ကေခိုင်ထွန်းက အားကစားပြုလုပ်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးအကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့ကြသည်။ ထို့နောက် ကျောင်းသား၊ကျောင်းသူများအား ကျောင်းစာအပြင်၊ ပြင်ပဗဟုသုတများ တိုးပွားစေရေးအတွက်၊ သုတ၊ရသစာအုပ်များ ဖတ်ရှု့စေခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ရာ ကျောင်းသား၊ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှု့ မှတ်သားခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)