ကျောက်မဲ စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အ.လ.က(ခွဲ) အ.မ.က(၅) ကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်များပြသခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်မြတ်ဝါက စာဖတ်ခြင်းအကျိုးကျေးဇူး ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်း ပုံပြင်ဖတ်ပြခြင်းများ ဆောင်ရွက်ခဲ့သည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား အချိန် (၁) နာရီပေး၍ စာဖတ်စေခဲ့ပြီး အပြန်အလှန်ပြန်လည်ဆွေးနွေးစေခြင်း၊ စာအုပ်များ ငှာရမ်းပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ပြသထားသည့် မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးနံရံကပ်စာစောင်နှင့် ဓါတ်ပုံများကို စိတ်ဝင်တစားကြည့်ရှုကြကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)