တပ်ကုန်းမြို့၌ ဝန်ထမ်းများ စာဖတ်ဝိုင်းဆောင်ရွက်

တပ်ကုန်း စက်တင်ဘာ ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများ ဌာနလုပ်ငန်းများဆောင်ရွက်ရာတွင် မှန်ကန်စွာဆောင်ရွက်နိုင်ရန် နှင့်စာဖတ်သည့်အလေ့အထများဖြစ်ပေါ်စေရန် ဝန်ထမ်းစာဖတ်ဝိုင်းကို ယမန်နေ့ညနေပိုင်းက အဆိုပါဦးစီးဌာနရှိ Community Centre ခန်းမတွင် ကျင်းပသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က ဝန်ထမ်းများ စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ဦးစီးအရာရှိနှင့် ဝန်ထမ်းများက “နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ” စာအုပ်တွင်ပါရှိသည့် ပညာလေ့လာဆည်းပူးခွင့်၊ ကူးပြောင်းချိန်ကာလ သတ်မှတ်ချက်များ၊ ပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ ပြည်ပသို့ဖြစ်စေ၊ ပြည်တွင်း၌ဖြစ်စေ တာဝန်ဖြင့်စေလွှတ်ခြင်းနှင့် ပညာလေ့လာဆည်းပူးစေခြင်း စသည့်အကြောင်းအရာများကို ဖတ်ကြားခဲ့ပြီးနောက် ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်