အခြေခံပညာ အ.လ.က ခွဲ(ကျောက်ဆိပ်)ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြော

ပေါက်တော ​စက်တင်ဘာ ၁၃

 ရခိုပြည်နယ်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယ​မန်နေ့နေ့လယ်ပိုင်းတွင် ပေါက်တောမြို့နယ်ရှိ အခြေခံပညာ အ.လ.ကခွဲ (ကျောက်ဆိပ်) ကျောင်းရှိ စုပေါင်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦး၀င်းနိုင်ဌေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က စာဖတ်ခြင်း၏ အကျိုးကျေးဇူး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးက လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေးခေါင်းစဥ်ဖြင့်လည်းကောင်း အသိပညာပေး ဆွေးနွေးဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးသည်။

ယင်းနောက် တက်ရောက်လာကြသည့် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့်  ကလေးအလုပ်သမားများ ပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့် လူကုန်ကူးမှု အသိပညာပေး နံရံကပ် စာစောင်များကို စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)