မိုးနဲ စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အတွင်း အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်မကျော်သော အမျိုးသမီးလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပညာရေးဌာနနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇင်မီဟန်က မြို့နယ်အတွင်း မွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ ထိုးနှံရမည့် ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်လုပ်ငန်းအား မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် လစဥ်ထိုးနှံပေးလျက်ရှိကြောင်း၊ ယခုသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကို သတ်မှတ်ထားသည့်ရက်အတွင်း အောင်မြင်စွာထိုးနှံနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးစေလိုကြောင်း၊ မြို့နယ်အတွင်း စက်တင်ဘာ ၁၈ ရက်နေ့မှ စက်တင်ဘာ ၂၉ ရက်နေ့အထိ ကျောင်း အခြေပြုကာကွယ်ဆေးထိုးနှံပေးမှာဖြစ်ပြီး အောက်တိုဘာလတွင် ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးနှံပေးသွားမှာဖြစ်ကြောင်းနှင့် သားအိမ်ခေါင်းကင်ဆာရောဂါအကြောင်းကို ပရိုဂျက်တာဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)