နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်

နောင်ချို စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများစာအုပ်ဖြင့် ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ စာအုပ်အခန်း(၁) နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ သတ်မှတ်ရခြင်း၏ ရည်ရွယ်ချက်အား ဖတ်ကြားဆွေးနွေးခဲ့သည်။ ထို့နောက် ဓာတ်ပုံကျွမ်းကျင်-၂ ဦးသက်နိုင်မိုးက  နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများစာအုပ် အခန်း(၂) နိုင်ငံ့ဝန်ထမ်းများထားရှိရမည့် စံတန်ဖိုးသတ်မှတ်ချက်များနှင့် ပြည်သူ့ဗဟိုပြုနိုင်ငံ့ဝန်ထမ်းများဖြစ်လာစေရန် ကတိကဝတ်ပြုခြင်း ခေါင်းစဉ်ဖြင့် ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာအနေဖြင့် ဝန်ထမ်းများ တစ်ဦးချင်း လုပ်ငန်းခွင်အတွင်း အရည်အသွေးမြင့်မားလာစေရန် ရည်ရွယ်၍ ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့်လည်းကောင်း၊ ဝန်ထမ်းကျင့်ဝတ်စာအုပ်ဖြင့်လည်းကောင်း၊ ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲ၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ စသည့်စာအုပ်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို နှစ်ပတ်လျှင်(၁)ကြိမ် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)