သာစည်မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့်ပြပွဲများပြုလုပ်

သာစည် စက်တင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျောင်းသားလူငယ်များ လူကုန်ကူးမှုဆိုင်ရာ အသိပညာ ဗဟုသုတများရရှိစေရန် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊နံရံကပ် စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲတို့ကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။    

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းက လူကုန်ကူးမှုအဓိပ္ပါယ်၊ လူကုန်ကူးမှုခံရသည့်အကြောင်းရင်းများ၊ လူကုန်ကူးခံရသူများ၊ လူကုန်ကူးမှုအန္တရာယ်   ဝိုင်းဝန်းကာကွယ်ရေးနှင့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက် ရေးနေ့အကြောင်းတို့ကို အသိပညာပေးဟောပြောသည်။ ထို့နောက်ကျောင်းသား/သူများက လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ပြသထားသော လူကုန်ကူးမှု နံရံကပ်စာစောင်များနှင့်သုတရသစာအုပ်များကို လေ့လာကြည့်ရှုကြကြောင်း သိရသည်။

အဆိုပါအသိပညာပေးဟောပြောပွဲနှင့်ပြပွဲများသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ သာစည်မြို့အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာမများနှင့် ကျောင်းသာ/သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။ မြို့နယ်ပြန်/ဆက်