ချမ်းမြသာစည်မြို့နယ်တွင် “ပလတ်စတစ်ညစ်ညမ်းမှု အန္တရာယ်”အကြောင်း အသိပညာပေး (Talk Show) ကျင်းပ

ချမ်းမြသာစည်     စက်တင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်  ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ်အကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ (Talk Show) ဆွေးနွေးပွဲတွင် အနာဂတ်မှာ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး၊ ပလတ်စတစ်အန္တရာယ်ကို လူငယ်တွေသိရှိအောင် အသိပညာပေးဆောင်ရွက်ရမည့် အကြောင်းအချက်များနှင့်  ပလတ်စတစ်လျော့ပါးအောင် အနာဂတ်မှာလုပ်ဆောင်ရမည့်အစီအမံများ စသည့်အကြောင်းအရာတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့‌ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှုး ဒေါ်မြင့်ကေသွယ်ခိုင်နှင့် စာရေးဆရာမင်းလပြည့် (ဟားခါး)တို့က ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်စွာ (ချမ်းစည်)