သင်္ဃန်းကျွန်း စက်တင်ဘာ ၁၃
သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ အဂတိတိုက်ဖျက်ရေးအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါဆွေးနွေးပွဲတွင် သင်္ဃန်းကျွန်းခရိုင် ဒုတိယမြို့နယ်ပညာရေးမှူးဦးကျော်သူရမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့၊ အဖွဲ့ဝင်အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးနေမျိုးသူနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးစိုးညီဆွေတို့က ကျောင်းသား၊ ကျောင်းသူများအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အကြောင်းအရာများကို အကျယ်တဝင့် အသိပညာပေးဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမြင့်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့ ဆရာ၊ ဆရာများ ကျောင်းသား ၊ ကျောင်းသူ(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ခရိုင်(ပြန်/ဆက်)