ရမည်းသင်း စက်တင်ဘာ ၁၃
၂၀၂၃-ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင်ကျရောက်မည့် ရာသီဥတု ပြောင်းလဲမှုလျှော့ချရေး အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေး အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် ဖျော်ဖြေရေးအစီအစဉ်များကို ယမန်နေ့နံနက်ပိုင်းက ကုတင်ကျေးရွာ အခြေခံပညာ အလယ် တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်း ကျောင်းသားကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးကစာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင်၊ ပြင်ပဗဟုသုတများ တိုးပွား စေရေးအတွက်သုတ၊ ရသစာအုပ်များ ဖတ်ရူကြရန်၊ စာဖတ်ခြင်းဖြင့် မိမိတစ်ကိုယ်စာ တိုးတက်စေရုံသာမက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးကြီးပါကြောင်း၊ ဒါကြောင့် ငယ်ရွယ်စဉ်ကစ၍ စာဖတ်ခြင်းအလေ့အကျင့်ကို ပျိုးထောင်သွားကြဖို့ပြောကြားခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်၀င်းရတနာထွန်း ကရာသီဥတုလျှော့ချရေး အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေးခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။
ဆက်လက်၍ မြှားပစ်ပြိုင်ပွဲပြုလုပ်ခြင်း၊ အသိပညာပေးနံရံကပ် စာစောင်များ ပြသခြင်း၊ စာအုပ်စာစောင်များခင်းကျင်းပြသခြင်း၊ စာအုပ်ဖတ်ပြခြင်းများနှင့် ဗဟုသုတဉာဏ်စမ်းမေး ခွန်းများမေးမြန်းခြင်းများဆောင်ရွက်ခဲ့ရာ မြှားပစ်ပြိုင်ပွဲတွင် ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများနှင့် ဗဟုသုတဥာဏ်စမ်းမေးခွန်းများ ဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုလက်ဆောင်များ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ရန်နိုင်ထွန်း(ခရိုင် ပြန်/ဆက်)