မဘိမ်း စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြာပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းက လူကုန်ကူးမှု၊ လူမှောင်ခိုမှုနှင့် ပြောင်းရွှေ့သွားလာမှုတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ လူကုန်ကူးမှုဖြစ်ပေါ်စေသော အကြောင်းအရင်းများ၊ လူကုန်ကူးမှုနှင့်ပတ်သက်သည့် အချက်အလက်များ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးရည်ရွယ်ချက်များ၊ လူကုန်ကူးမှုနှင့်ပတ်သက်သည့် အကြောင်းအရာများနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများစသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။
အဆိုပါ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြာပွဲသို့ အမှတ်(၃)၊ အခြေခံပညာမူလတန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မျိုးမင်း(မဘိမ်း)