နောင်တရား စက်တင်ဘာ၁၃
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်ဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ဘန့်ပြင်ကျေးရွာအုပ်စု နောင်လင်ကျေးရွာ၌ နောင်တရားမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (ရှေ့တန်းရုံး)မှ ဝန်ထမ်းများက နိုင်ငံသားတိုင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရေးအတွက် ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်သည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (ရှေ့တန်းရုံး)မှ နိုင်ငံသားတိုင်း အခွင့်အရေးအပြည့်အဝရရှိစေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်းမရှိသူများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသည့် နိုင်ငံသားတိုင်းကို လက်ထောက်လဝကဦးစီးမှူး ဦးဘူးရယ်နှင့် ဝန်ထမ်းများက အချက်အလက်များပြည့်စုံစွာ တင်ပြနိုင်သည့် နိုင်ငံသားများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရေး ဆောင်ရွက် ပေးလျက်ရှိ ကြောင်းသိရသည်။
ခွန်အောင်(နောင်တရား)