မိုင်းခုတ် စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊မိုင်းလုံး ကျေးရွာအုပ်စုရှိကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊၊ ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်လ)များအတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး အကျိုးခံစားခွင့်ရရှိသော ကိုယ်ဝန်ဆောင် မိခင်(၁၂)ဦးအတွက် တစ်ဦးလျှင်(၁၅၀၀၀)ကျပ်၊ ၃ လစာ (၄၅၀၀၀)ကျပ်ဖြင့် စုစုပေါင်း(၅၄၀၀၀၀)ကျပ်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်(၂)ဦးအတွက် (၃၀၀၀၀)ကျပ် ၊စုစုပေါင်း ထောက်ပံ့ငွေ(၅၇၀၀၀၀)ကျပ်ကို ကျေးရွာအုပ်စုစာရေးမှ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့သို့ ထောက်ပံ့ပေးအပ်ခြင်းကို နိုင်ငံတော်အစိုးရမှ ကလေးများအတွက် ဖွံ့ဖြိုးမှုအမြင့်ဆုံးဖြစ်သည့် ကလေးဘဝအစ ရက်ပေါင်း(၁၀၀၀)ကာလအတွင်း အာဟာရပြည့်ဝစေရေးနှင့် မိခင်ရောကလေးပါ ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝသည့် အစားအစာများစားသုံးနိုင်စေရန် ရည်ရွယ်၍ သုံးလတစ်ကြိမ် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)