ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး (Talk Show) ပြုလုပ်

ကျောက်ဖြူ   စက်တင်ဘာ ၁၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်‌ရေး အသိပညာပေး ဆွေးနွေးပွဲ(Talk Show) ကျင်းပပြုလုပ်သည်။

အဆိုပါ အသိပညာပေး Talk Show တွင် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ယုယုနွယ်က Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်နွယ်ထွန်းက ကလေးအလုပ်သမားဆိုသည်မှာ ဥပဒေက ခွင့်ပြုထားသည့် အသက် (၁၄)နှစ် အထက် အလုပ်လုပ်နိုင်စွမ်းရှိသော ကလေးသူငယ်ကိုဆိုလိုကြောင်း၊ ကလေးအလုပ်သမား ဖြစ်ရသည့် အကြောင်းအရင်းများမှာ ဆင်းရဲနွမ်းပါးခြင်းနှင့် မိသားစုစားဝတ်နေရေး အဆင်ပြေစေရေးအတွက် ဝင်ငွေရရှိသည့် အလုပ်များကို ဝင်ရောက်လုပ်ကိုင်ခြင်းကြောင့် ကလေးအလုပ်သမားများ ဖြစ်လာရကြောင်း၊  နိုင်ငံတော်မှ မြန်မာနိုင်ငံရှိ ကလေးအလုပ်သမားများနှင့် ပတ်သက်၍ အကာအကွယ် ပေးထားသည့် ဥပဒေများရှိကြောင်း၊  ကလေးအလုပ်သမားပပျောက်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆပ်ကော်မတီများ ဖွဲ့စည်းပေးပြီး လုပ်ငန်းတာဝန်များ ပေးအပ်ကာ ကလေးအလုပ်သမားပပျောက်ရေးကို ဆောင်ရွက်လျက်ရှိပါကြောင်း စသည့် အသိပညာပေးများအား ကဏ္ဍစုံလင်စွာဖြင့် အကျယ်တဝင့် ဆွေးနွေးခဲ့သည်။

ကျောက်ဖြူခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေ အသိပညာ ဗဟုသုတ တိုးပွားစေ‌ရေးအတွက် အွန်လိုင်းမှတဆင့် ယခုလို အသိပညာပေး ဆွေးနွေးပွဲ (Talk Show)များပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲများ ပြုလုပ်ပြသပေးခြင်း၊ သုတ၊ရသ စာအုပ်အညွှန်းများမိတ်ဆက်ခြင်းတို့အပြင် ကလေးများ ဉာဏ်ရည်၊ ဉာဏ်သွေးဖွံ့ဖြိုးလာစေရန်အတွက် ကဗျာရွတ်ဆိုခြင်း၊ ပုံပြင်ပြောခြင်း အစီအစဉ်များ ရိုက်ကူးထုတ် လွှင့်ပြသပေးခြင်း စသည့် အသိပညာပေးအစီအစဉ်များအား Face Book Page မှတစ်ဆင့် ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)