နောင်တရား စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကောင်စီ ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအယ်လ်အောင်ဒင်မှိုင်က အဖွင့်အမှာစကားပြောကြားပြီး ကျောင်းကောင်စီဥက္ကဋ္ဌ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်လေးနွယ်က ပညာသင်ကြားစဉ်အတွင်း ဘက်စုံဖွံ့ဖြိုးသည့် ကျောင်းသားလူငယ်များ မွေးထုတ်ပေးနိုင်ရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျောင်းကောင်စီဥက္ကဌဖလား ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကျောင်းကောင်စီဥက္ကဋ္ဌ ကျောင်းအုပ်ဆရာမကြီးက ကွင်းအတွင်းသို့ ဘောလုံးကန်သွင်းပွဲ ကွင်းဖွင့်ပွဲကို ဖွင့်လှစ်ခဲ့ပါသည်။ အခြေခံပညာအထက်တန်းကျောင်း ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်များမှ အမျိုးသမီး (၂) သင်း၊ အမျိုးသား (၂၅) သင်း စုစုပေါင်း (၂၇) သင်းတို့က စက်တင်ဘာ (၁၂) ရက်နေ့မှ စက်တင်ဘာ (၂၀) ရက်နေ့အထိ ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)