ဝမ်းတွင်းမြို့နယ်၌ မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ကျင်းပ

ဝမ်းတွင်း စက်တင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ မြန်မာနိုင်ငံလူကုန်ကူးမှု့ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ကျပန်းစကားပြော ပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီအချိန်မှ စက်တင်ကာ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မူမြစောက မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ကျပန်းစကားပြော ပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများ ကျင်းပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို ကျပန်းစကားပြော ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မောင်သူရအောင် Grade-10က ပြည်သူများ တွေ့ကြုံနေရသည့် လူကုန်ကူးမှု အန္တရာယ် ၊ မောင်နေထူးလွန် Grade-12က လူကုန်ကူးမှုအန္တရာယ် ဝိုင်းဝန်းပူးပေါင်းတို့ ကာကွယ် ၊ မကျော့ရှင်းစံ Grade-10က လူကုန်ကူးမှုတိုက်ဖျက်ဖို့ နည်းပညာအခန်းကဏ္ဍမြှင့်တင်စို့ ၊ မနွယ်နီသိန်းတန် Grade-12က လူကုန်ကူးမှုအန္တရာယ် ဝိုင်းဝန်းပူးပေါင်းတို့ ကာကွယ် ၊ မဝတ်မှုံဦး Grade-10က ပြည်သူများ တွေ့ကြုံနေရသည့် လူကုန်ကူးမှု အန္တရာယ်၊ မောင်ဇော်မင်းဦး Grade-10 က လူကုန်ကူးမှု တိုက်ဖျက်ဖို့ နည်းပညာအခန်းကဏ္ဍ မြှင့်တင်စို့ ၊ မအိဟေမာန်ဖြိုး Grade-10က ပြည်သူများ တွေ့ကြုံနေရသည့် လူကုန်ကူးမှု အန္တရာယ် ၊ မောင်ရီဝေယံ Grade-12က လူကုန်ကူးမှုတိုက်ဖျက်ဖို့ နည်းပညာအခန်းကဏ္ဍမြှင့်တင်စို့ ၊ မအိမာထွေး Grade-12က လူကုန်ကူးမှုတိုက်ဖျက်ဖို့ နည်းပညာ အခန်းကဏ္ဍမြှင့်တင်စို့ ၊ မောင်အောင်ခန့်မြတ် Grade-10က ပြည်သူများတွေ့ကြုံနေရသည့် လူကုန်ကူးမှုအန္တရာယ်  စသည့် ခေါင်းစဉ်များအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲများအပြီးတွင် ပထမ ၊ ဒုတိယ၊ တတိယဆု ရရှိသူ ကျောင်းသား/ကျောင်းသူများအား ဦးစီးအရာရှိ ဒေါ်မူမြစောနှင့် တာဝန်ရှိသူများက ဆုများ အသီသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ကျပန်းစကားပြော ပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများသို့ အခြေခံပညာ အထက်တန်း ကျောင်း(ဝမ်းတွင်း)မှ ကျောင်းသားကျောင်းသူ(၂၀)ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများအပြီးတွင် ခင်းကျင်းပြသထားသော နံရံကပ်စာစောင် ၊ စာအုပ်စာစောင်များကို စိတ်ဝင်တစား ကြည့်ရှုခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)