လယ်ဝေးမြို့နယ် ပိတောက်ချောင်ရွာ၊ ဆင်စုရွာနှင့် တဲတန်းရွာများတွင် သက်သာသောဈေးနှုန်းဖြင့် အိမ်ထောင်စုများအား စားသုံးဆီရောင်းချပေး

လယ်ဝေး စက်တင်ဘာ ၁၂

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ပူးပေါင်းဆောင်ရွက်မှုဖြင့် Agri.One ကုမ္ပဏီမှ သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများကို ယနေ့နံနက်ပိုင်းက ပိတောက်ချောင်ရွာ၊ ဆင်စုရွာနှင့် တဲတန်းရွာတွင် ရောင်းချပေးခဲ့သည်။

အဆိုပါဆီများအား အေလာမြို့ရှိ ဉီးအေးထွန်း၏ ပြည်လုံးချမ်းသာဆီစက်မှ တစ်အိမ်ထောင်စုလျှင် တစ်ပိဿာစီ၊ ၄၅၀၀ ကျပ်နှုန်းဖြင့် ဆီပိဿာချိန် ၁၂၁၀ အား ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်းနှင့် လိုအပ်သည့် ရပ်ကွက်၊ ကျေးရွာ ပြည်သူများအား ဆက်လက်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေရည်(ပြန်/ဆက်)