တောင်တွင်းကြီး စက်တင်ဘာ ၁၂
ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင် ဆွေးနွေးတက်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီခွဲက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း(ငါးဆင့်)၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ တွဲဖက်ကျောင်းအုပ်ဆရာကြီး ဦးရဲအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူငယ်စကားဝိုင်းကို ကျင်းပရာ မြို့နယ်ပြန်ပြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်နှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမင်းနိုင်ကြွယ်တို့က ဆောင်ရွက်ခဲ့ပြီး အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း Grade-10 မှ မောင်သက်မိုးဆွေက လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ ကျောင်းသူများဖြစ်ကြသည့် မခင်မြတ်နိုးက လူငယ်နှင့်ကိုယ်ကျင့်တရား ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မယွန်းဝတီအောင်က လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 မှ မောင်ဟိန်းဆက်ပိုင်က လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ မဝိုင်းစုခိုင်သိန်းက လူငယ်နှင့်အင်တာနက် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 မှ မဆုရတနာမွန်က လူငယ်နှင့်စည်းကမ်း ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းဌေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အခမ်းအနားအပြီးတွင် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ပြီး အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ကို (ပြန်/ဆက်)