ညောင်ရွှေ စက်တင်ဘာ ၁၂
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် အခြေခံပညာ ကျောင်းသား/ကျောင်းသူလေးများ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများ ရရှိလာစေရန်ရည်ရွယ်ချက်ဖြင့် အခြေခံပညာကျောင်းများသို့ သွားရောက်၍ လူငယ်အသိပညာပေး ဟောပြောပွဲများဆောင်ရွက်ခြင်း လူငယ်သိပညာပေး ပြပွဲဆောက်ရွက်ခြင်း၊ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ညောင်ရွှေမြို့နယ်၊ မြသိန်းတန်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် လူငယ်အသိ ပညာပေးပြပွဲ၊ နံရံကပ်စာစောင်ပြပွဲလှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ် ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က နယ်လှည့်ကွင်းဆင်းလှုပ်ရှားမှု ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်း သိကောင်းစရာများကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြသည်။
ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူလေးများအတွက် လူငယ်အသိပညာပေးပြပွဲ ခင်းကျင်းပြသပေးခြင်း၊ ဆေးလိပ်နှင့်မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း အသိပညာပေး နံရံကပ်စာစောင်ပြသခြင်း လုပ်ငန်းများကိုဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ လေးများမှစိတ်ပါဝင် စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စိုင်းအယ်ဘဲ