မန်တုံမြို့နယ်၊ မူလွန်(ဘက)၊ အောင်ချမ်းသာ၌ လူငယ်စကားဝိုင်းကျင်းပ

မန်တုံ စက်တင်ဘာ ၁

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များအသိပညာ ဗဟုသုတကြွယ်ဝစေရန် ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ လူထုပရိတ်သတ်ရှေ့ ပြောဆိုဆွေးနွေးတတ်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာမူလတန်းလွန်ကျောင်း (ဘက)၊ အောင်ချမ်းသာ၌ ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မူလတန်းကျောင်းအုပ်ဆရာမ ဒေါ်နန်းခမ်းစံက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဆရာမဒေါ်လှိုင်လှိုင်မြင့်က လူငယ်ရေးရာသိကောင်းစရာများ ရှင်းလင်းပြောကြားပြီး  လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ အခြေခံပညာ မူလတန်းလွန်ကျောင်း မှ Grade-6 ကျောင်းသား မောင်အောင်မန် က“လူငယ်နှင့်စာရိတ္တ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-7ကျောင်းသူ မခင်သန္တာထွေး က“လူငယ်နှင့်ကျန်းမာရေး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊Grade-6ကျောင်းသူ မအမ်ဘွဲ့ က “လူငယ်နှင့်ကြီးပွားရေး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-6 ကျောင်းသူ  မအီခမ်းလှက“လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း  ဦးဆောင်ဆွေးနွေးခဲ့ကြရာ ဆွေးနွေးမှုများအပေါ် သိရှိလိုသည်များကို တက်ရောက်လာသည့် ကျောင်းသူ၊ကျောင်းသားများမှ ပြန်လည်မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများနှင့် တာဝန်ရှိသူများက ဖြေကြားခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်းသို့ အခြေခံပညာမူလွန်ကျောင်း မှ ဆရာ/ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ (၂၈၅)ဦး တက် ရောက်ခဲ့ကြောင်းသိရသည်။

မန်တုံ (ပြန်/ဆက်)