လင်းခေးမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

လင်းခေး စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်သမဝါယမ အသင်းစုလီမိတက်၏  ၂၀၂-၂၀၂ဘဏ္ဍာရေးနှစ်၊ ၂၀၂၁-၂၀၂၂ (Mini) ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်များအတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက လင်းခေးမြို့နယ် သမဝါယမဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ဦးစွာမြို့နယ် သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးစိုင်းအောင်သန်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာ ရှိဒေါ်မြင့်ဌေးခိုင်က ဤနှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးတွင် သမဝါယမလုပ်ငန်းများနှင့် စပ်လျဥ်းသည်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ အတွင်းရေးမှူးဦးတင်ဖြိုးက အမှုဆောင်အဖွဲ့လုပ်ငန်း အစီရင်ခံစာအားဖတ်ကြားပြီး ဘဏ္ဍာရေးလက်ကျန်ရှင်းတမ်းများကို အုပ်ချုပ်မှု ဒါရိုက်တာ ဦးစိုင်းယဥ်မင်းပိုက်က ဖတ်ကြားတင်ပြခဲ့သည်။

ဆက်လက်၍ အသင်းဝင်ကိုယ်စားလှယ်များမှ အကြံပြုဆွေးနွေးခြင်းနှင့် အသင်းအမှုဆောင်အဖွဲ့က ၄င်းအကြံပြုဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းတင်ပြခဲ့ကြသည်။ ယင်းနောက် သဘာပတိက ဘဏ္ဍာရေးရှင်းတမ်းများကို အတည်ပြုချက်ရယူခြင်းများ ဆောင်ရွက်ခဲ့ကြပြီးနောက် နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

ယနေ့ကျင်းပသည့် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးသို့ အသင်းစုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ အသင်း ဝင်ကိုယ်စားလှယ်များ စုစုပေါင်း (၄၇) ဦးတက်ရောက်ခဲ့ကြကြောင်း၊ တစ်ဦးလျှင် အစည်းအဝေးစရိတ်နှင့် ထောက်ပံ့ငွေကျပ် (၂၅၀၀၀ိ/-) နှုန်းဖြင့် စုစုပေါင်း (၁၁၇,၅၀၀၀ိ/-)  ထောက်ပံ့ပေးခဲ့ကြောင်း ဒါရိုက်တာအဖွဲ့ထံမှ သိရသည်။

စိုင်းဇော်လတ်