မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျန်းမာရေးအသိပညာပေး ဆွေးနွေးပွဲပြုလုပ်

မိုင်းငေါ့ စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်း‌ငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ကျောင်းသား/သူလူငယ်၊ လူရွယ်လေးများနှင့် ကျန်းမာရေးအသိပညာပေး ဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က ကျန်းမာရေးအသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် မသင်းသိရိ၊ နန်းမိုးငင်၊ နန်းမိုးခမ်းတို့က ဒို့ကျေးရွာဂျာနယ် အတွဲ ၂၀ အမှတ် ၁၄ မှ ဆုလတ်မေမေရေးသားသော“ ကလေးများနှင့် သွေးလွန်တုပ်ကွေးအန္တရာယ် ”ခေါင်းစဉ်ဖြင့် ကျန်းမားရေးအသိပညာပေး ဆောင်းပါးအား ဦးဆောင်ဆွေးနွေးခဲ့ကြကြောင်း၊ အဆိုပါ အသိပညာပေးဆွေးနွေးပွဲများကို ကျောင်သား/သူ၊ လူငယ်၊ လူရွယ်များ၊ စာပေဝါသနာရှင်များ၊ Club အသင်းအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့၊ ပြန်/ဆက်)