မောင်တော စက်တင်ဘာ ၁၂
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဗီနိုင်းစိုက်ထူခြင်းကို ယနေ့နံနက် ၉ နာရီအချိန် မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ တြိဂံလမ်းဆုံတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေး ဗီနိုင်းစိုက်ထူပွဲသို့ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ အမှတ်(၄၆) မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးမြင့်သောင်း၊ အမှတ်(၁) လူကုန်ကူးမှု တားဆီး နှိင်နင်းရေး ရဲတပ်ဖွဲ့စိတ်(မောင်တော)မှ တပ်ဖွဲ့စိတ်မှူး ဒုတိယရဲမှူးစံမင်းနှင့် တပ်ဖွဲ့ဝင်များ၊ ခရိုင် အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး “လူကုန်ကူးခံရသူတိုင်းကို ဖော်ထုတ်သတ်မှတ်ပြီး ကာကွယ်စောင့်ရှောက်မှုရရှိဖို့ ဆောင်ရွက်ကြပါစို့” ဆောင်ပုဒ်ပါ အသိပညာပေး ဗီနိုင်းကို စိုက်ထူခဲ့ကြသည်။ ထို့နောက် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် မိမိတို့မြို့နယ်အတွင်း လူကုန်ကူးမှုမခံရစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်များပါဝင်သော အသိပညာ ပေးလက်ကမ်းစာစောင်များကိုလည်း လူစည်းကားရာ နေရာများနှင့်လမ်းဆုံတို့တွင်ဖြန့်ဝေပေးခဲ့ ကြကြောင်းသိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်