ပျော်ဘွယ်မြို့နယ်၊ အ.လ.က(ပုတီးကုန်း)တွင် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ် စာစောင်ပြပွဲကျင်းပ

ပျော်ဘွယ် စက်တင်ဘာ ၁၂

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ ကျောင်းသား၊ ကျောင်းသူများ  အသိပညာဗဟုသုတရရှိစေရန် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက အခြေခံပညာအလယ်တန်းကျောင်း (ပုတီးကုန်း)တွင် ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က ကျောင်းသား၊ကျောင်းသူများ အသိဉာဏ်ပညာပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် စာပေလေ့လာဖတ်ရှုရမည့်အကြောင်းအရာများ၊ ဉာဏ်ပညာဖွံ့ဖြိုး တိုးတက်ခြင်းသာမက ခန္ဓာကိုယ်ကြံ့ခိုင်စေရန်အတွက် အားကစားလှုပ်ရှား ဆောင်ရွက်ရေး စသည့်အကြောင်းအရာများကို ဆွေးနွေးဟောပြောသည်။

ဟောပြောပွဲပြီးနောက် အဆိုပါကျောင်းအတွင်းရှိ ကျောင်းသား၊ ကျောင်းသူများက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ် စာစောင်များကို လေ့လာကြည့်ရှု ငှားရမ်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)