တံတားဦး အောက်တိုဘာ ၁၆
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၀-၀၂၀၂၁ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်းနှင့် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ ၊တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ ရင်းနှီးမြှပ်နှံမှဒရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ယနေ့မွန်းလွဲ(၁)နာရီက မြို့နယ်အစည်းအဝေး ခန်းမတိုးချဲ့ဆောင်၌ ကျင်းပကြောင်းသိရသည် ။
ပေးအပ်အခမ်းအနားတွင် တံတားဦးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းနီနှင့် ဦးဝဏ္ဏအောင် တို့က စီမံကိန်းဆိုင်ရာနှင့်ပတ်သက်၍ ပြောကြားပြီး မြို့နယ်စီမံကိန်း ရေးဆွဲ အကောင်အထည် ဖော်ရေးကော်မတီ ဥက္ကဌ ဦးလှဝင်းအောင်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက်မည့် ကဏ္ဍအလိုက် စီမံကိန်းတာဝန်များကို အချိန်မီပြီးစီးအောင်ဆောင်ရွက် ကြရန် ပြောကြားသည်။ထို့နောက် မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ အတွင်းရေးမှူး ဒေါ်လဲ့ရည်ဝင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းနှင့် လုပ်ငန်းစီမံကိန်းများ အကောင် အထည်ဖော်နိုင်မှုအခြေအနေများကို ရှင်းလင်းပြောကြား သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက စီမံကိန်း တာဝန်များကို အသီသီးပေးအပ်ခဲ့ရာ ဒေသဆိုင်ရာ တာဝန်ခံများက လက်ခံရယူခဲ့ကြောင်းသိရသည်။
ရဲတင့်