မအီ စက်တင်ဘာ ၁၂
ယနေ့ခေတ်လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင် အခြေခံပညာဦးစီးဌာတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောနှင့် နံရံကပ်စာစောင်ပြပွဲ ကို ယမန်နေ့နံနက်ပိုင်း မအီမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မအီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး မြို့ဦးစီးမှုဦးသက်နောင်ထွန်းက "လူငယ်နှင့်ပညာ”ခေါင်းစဥ်ဖြင့် ဟောပြောရာတွင် လူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလ ဟူသည့် ဗလငါးတန်နှင့် ပြည့်စုံရန် လိုအပ်ကြောင်း၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများကို ဖတ်ရှုရန်လိုအပ်ကြောင်း၊ သုတစာပေနှင့် ရသစာပေများကို ခွဲခြားသိရှိထားရန်လိုအပ်ကြောင်း ဟောပြောခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်မျိုးမြတ်မြတ်ခိုင်မှ ဟောပြောရာ၌ လူငယ်များတွင် အသိနှင့်ပညာသည် အရေးကြီးကြောင်း၊ လူငယ်များအနေဖြင့် အသိပညာ အတတ်ပညာပေါင်းစပ်ပြီး မိမိအကျိုး၊ နိုင်ငံအကျိုး၊ လူထုအတွက် အကျိုးပြုသည့်ဆောင်ရွက်ချက်များကို ပေးအပ်ရန်လိုအပ်ကြောင်း၊ အခုလိုလူငယ်များအတွက် အသိပညာပေး ဟောပြောပွဲများကို မိမိတာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း အလေးထား၍ ကြိုးစားဆောင်ရွက်ပေးသွာမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ အခမ်းအနားအပြီးတွင် ဟောပြောပွဲတက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် " ကလေးအလုပ်သမားပပျောက်ရေး " အသိပညာရေး နံရံကပ်စာစောင်နင့် " လူကုန်ကူးမှု တားဆီး ကာကွယ်ရေး " အသိပညာပေး နံရံကပ်စာစောင်တို့အား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မောင်မောင်ဌေး(ပြန်/ဆက်)