ကျောက်ပန်းတောင်းမြို့နယ်အတွက် အရေးပေါ်ရိက္ခာဆီများ သိုလှောင်ထားရှိသည့် ဂိုဒေါင်အား ထိန်းသိမ်းရေးအဖွဲ့မှအပတ်စဉ်သန့်ရှင်းရေးပြုလုပ်

ကျောက်ပန်းတောင်း အောက်တိုဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားလာပါက တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် နိုင်ငံသားများအား နိုင်ငံတော်အရန် ရိက္ခာဆီအဖြစ် ဖြန့်ဝေပေးနိုင်ရန် မြို့နယ်အလိုက်ပေးပို့ထားရှိပြီး ဖြစ်ရာ၊ အဆိုပါအရန်ဆီ များထားရှိရာဂိုဒေါင်ကို လက်ခံ၊ သိုလှောင်၊ထိန်းသိမ်းရေးအဖွဲ့တာဝန်ရှိသူများက၊ ယနေ့  နံနက်(၁၀)နာရီက အပတ်စဉ်သန့်ရှင်းရေးဆောင် ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ အရန်ရိက္ခာဆီများကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားလာပါက တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် နိုင်ငံသားများအား နိုင်ငံတော်အရန် ရိက္ခာဆီအဖြစ် ဖြန့်ဝေပေးနိုင်ရန် အတွက်၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ(၂)ရက်နေ့က ရောက်ရှိ လာခြင်းဖြစ်ပြီး၊ ရောက်ရှိလာသည့် အရန်ရိက္ခာဆီပုံးများကို မြို့နယ်လက်ခံ၊ သိုလှောင်၊ ထိန်းသိမ်းရေးကော်မတီအဖွဲ့ ခေါင်း ဆောင် ဦးစိုင်းအောင်မြတ် (ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး)နှင့်အဖွဲ့က စနစ်တကျ လက်ခံ၍ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဓာတ်မြေ ဩဇာဂိုဒေါင်များတွင် သိုလှောင် သိမ်းဆည်း ထားခြင်းဖြစ်သည်။ ထိုသို့ သိုလှောင် သိမ်းဆည်းထားသည့် နိုင်ငံတော် အရန် ရိက္ခာ ဆီများ လေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲဝင်များကအပတ်စဉ်သောကြာ နေ့တိုင်းစစ်ဆေးခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်းများဆောင် ရွက်လျက် ရှိရာ၊ ယနေ့တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်မြတ်၊ စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒုတိ ယအဖွဲ့ခေါင်းဆောင်)၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်အေးအေးမော်၊ သဘာဝဘေး စီမံခန့်ခွဲရေးဦးစီးဌာန မှ ဒုတိယဦးစီးမှူး ဒေါ်အိရွှေစင်နှင့်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များက သန့်ရှင်းရေးဆောင်ရွက် ခဲ့ကြကြောင်းသိရ သည်။

နေအောင်