လှည်းကူး စက်တင်လာ ၁၂
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးခရိုင် လှည်းကူးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နဲ့အညီ ပန်းခင်းစီမံချက် (၂) ဖြင့် ရပ်ကွက် / ကျေးရွာနေ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းက လှည်းကူးမြို့နယ်၊ မုဆိုးညောင်ပင်ကျေးရွာတွင် မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက် (၂) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်းဦးစီးမှုးရုံးမှ လူဝင်မှုကြီးကြပ်ရေးမှူး ဦးထွန်းထွန်းနှင့် ဝန်ထမ်းများက လှည်းကူးမြို့နယ်၊ မုဆိုးညောင်ပင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ(၈၃)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးသည်။
လှည်းကူးမြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာများသို့ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသော ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လှည်းကူးမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် (၂) ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိ၊ ရပ်ဖများက ပူးပေါင်းဆောင်ရွက်ပေးကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)