မုံးကိုး စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ဒေသခံပြည်သူများ အသိပညာဗဟုသုတရစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့နေ့လည်(၂:၀၀)နာရီအချိန်တွင် စာဖတ်ဝိုင်း၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မုံးကိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးကိုယ်စား ဒေါ်လွေးအမ်ဆေး(ရုပ်/သံ-၃)က စာဖတ်ဝိုင်းအတွက် စာရေးဆရာ မောင်ခင်မင်(ဓနူဖြူ) ရေးသားထားသော “အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ”စာအုပ်ဖြင့် လူငယ်လူရွယ်များအတွက် ပညာတတ်ဖို့စာဖတ်ရမည်ဆိုတာ၊ လူ့သဘောသဘာဝနှင့် လူငယ်ပညာဆိုင်ရာ စာစုရှိသည့်ခေါင်စဉ်ဖြင့် အပြန်အလှန်ဟောပြောဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများကို အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သည့် ဌာနဖြစ်သည့်အတွက် မုံးကိုးမြို့အတွင်းရှိ ဒေသခံပြည်သူများ အသိပညာဗဟုသုတများရရှိစေရန်၊ စာအုပ်စာပေဖတ်ရှုလေ့လာမှု တိုးပွားလာစေရန်၊ စာအုပ်စာစောင်များအပေါ် စိတ်ဝင်စားမှုရှိပြီး ရင်းနှီးထိတွေ့မှုများရရှိစေရန် ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲ ခင်ကျင်းပြသခြင်း၊ စာအုပ်စာစောင်များ ဖတ်ရှုပြီး အသိပညာပေး စာဖတ်ဝိုင်းကျင်းပခြင်း၊ ပြည်သူများမှ စာအုပ်၊ စာစောင်များဖတ်ရှုနိုင်စေရန် မြို့ရုံးပြည်သူ့စာကြည့်တိုက်မှ စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခြင်း၊ ဌာနဆိုင်ရာရုံးများသို့ သွားရောက်ငှားရမ်းပေးလျက်ရှိကြောင်းနှင့် ဒေသခံပြည်သူများမှ ကိုဗစ်ရောဂါအကြောင်းကို သိမြင်စေရန်အသိပညာပေး လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့် မူယစ်ဆေးဝါး သိကောင်းစရာများကို ဓာတ်ပုံပြခန်းဖြင့် ခင်းကျင်းပြသဆောင်ရွက်လျက်ရှိကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။သို့ဖြစ်ပါ၍ နံရံကပ်စာစောင်များ၊ အသိပညာပေးဓာတ်ပုံပြပွဲများနှင့် အသိ၌ညာဗဟုသုတတိုးတက်မြင့်မားစေသော စာအုပ်စာစောင်ပြပွဲများကိုလည်း ဒေသခံပြည်သူများနှင့် လမ်းသွားလမ်းလာဈေးရောင်းဈေးဝယ်များအပြင် ကျောင်းသား/သူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရှိရသည်။
မေစံပယ်ဖူး(မုံးကိုး)