နမ့်ဆန် စက်တင်ဘာ ၁၂
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို အခြေခံပညာအထက်တန်းကျောင်းခွဲ(ထ.ခွဲလ-၁)ရှိ နဝရတ်ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်း(၂)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးထွန်းရင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်မှ အခမ်းအနားကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားဆက်လက်ကျင်းပရာ Grade-10 ကျောင်းသူ မစန္ဒာမြင့်မှ “လူငယ်နှင့်ကြီးပွားရေး” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade-10 ကျောင်းသူ မဟေမန်ထွေးယဉ်မှ “လူငယ်နှင့်ကျန်းမာရေး”ခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade_10 ကျောင်းသား မောင်အာကာဖြိုးမှ “လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး” ခေါင်းစဉ်ဖြင့်လည်ကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား/သူလေးများနှင့် အပြန်အလှန်အကြံပြု ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးထွန်းရင်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သိန္ဂီအောင်နှင့် ဆရာ/မများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်နန်းထားထားလှိုင်နှင့် ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်း သူစုစုပေါင်း(၆၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)