မိုင်းရယ် စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား ဆေးကုသခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ယမန်နေ့နံနက် ၉ နာရီမှစ၍ အမှတ်(၂)ရပ်ကွက်၊ သီရိစွမ်ဆိုင်ဘုန်းတော်ကြီးကျောင်းတိုက်၌ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာ၌ စစ်ဘက်ဆိုင်ရာ ဆေးမှူး၊ သူနာပြုနှင့် ဆေးလက်ထောက်များက ရဟန်းရှင်လူ ပြည်သူစုစုပေါင်း(၄၀)ဦးအား အထွေထွေရောဂါများ စစ်ဆေးခြင်း၊ ကုသပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။ ထို့ပြင် နာတာရှည်ရောဂါ ခံစားနေရသူများအတွက် လိုအပ်သည့်ဆေးဝါးများကို ထောက်ပံ့ပေးခဲ့ပြီး ကျန်းမာစွာ နေထိုင်စားသောက်မှုပုံစံများကို အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဆေးကုသခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်ခြင်း ဆောင်ရွက်နေမှုများကို အမှတ်(၂) လှုပ်ရှားစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇေယျာလင်း၊ အမှတ်(၃၅၀) အမြောက်တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး တင်မောင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များက အားပေးကြည့်ရှုခဲ့ကြပြီးလိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)