စဉ့်ကိုင် အောက်တိုဘာ ၁၆
ကမ္ဘာ့လက်ဆေးခြင်းနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်နှင့် မြို့နယ် ကြက်ခြေနီအသင်းတို့ပူးပေါင်း ၍ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်−၁၉ကူးစက်ရောဂါ ပြန်ပွားမှု မဖြစ်ပေါ်စေရေး ကာကွယ်ထိန်းချုပ်ရေး အတွက် နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်စေရေး ယနေ့နံနက် (၈)နာရီက အုန်းပင်ခြံလမ်းဆုံ ရန်ကုန်−မန္တလေး အမြန် လမ်းမကြီးဘေးတွင် ပြည်သူများအား နှာခေါင်းစည်း Mask များဖြန့်ဝေ၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကင်းထောက်အဖွဲ့ချုပ်နှင့် ဒုခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်နွဲ့နွဲ့ထွေး နှင့် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နှာခေါင်းစည်း Mask များအား ခရီးသွားပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာနေသူများ နှင့် နှာခေါင်းစည်း တပ်ဆင်လာခြင်းမရှိသည့် ပြည်သူများအား နှားခေါင်းစည်း Mask (၂၀၀၀) အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်−၁၉ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့် အညီ ပြည်သူများအား Mask များ စနစ်တကျ တပ်ဆင်စေရေ:၊ အတတ်နိုင်ဆုံးနေအိမ်ပြင်ပသို့ သွားလာခြင်းမပြုလုပ်ကြရန် နှင့် သွားလာပါက တစ်ဦးနှင့်တစ်ဦး(၆)ပေ အကွာတွင် နေထိုင်သွားကြစေရေး၊ လက်ကိုစင်ကြယ်စွာ စနစ်တကျ ဆေးကြောကြရန် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းဝင်းသန်း