မြစ်သား အောက်တိုဘာ ၁၆
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အသက် ၁၀နှစ်အောက် ကလေးသူငယ်များ အာဟာရဖွံ့ဖြိုးရေးအဖြစ် နွားနို့တိုက်ကျွေးခြင်းကို ယနေ့ နံနက်(၉) နာရီ အချိန်က မြစ်သားမြို့နယ်အတွင်းရှိ နေရှင်နယ်ပရဟိတ ဂေဟာ နှင့် ပေတော ပရဟိတဂေဟာများသို့ သွားရောက်တိုက်ကျွေးခဲ့ကြောင်းသိရသည်။
အသက်(၁၀)နှစ်အောက် ကလေးသူငယ်များအား အာဟာရတိုက်ကျွေးခြင်းအစီအစဉ်အဖြစ် နေရှင်နယ်ပရဟိတဂေဟာရှိ ကလေး(၄၇)ဦး၊ ပေတောပရဟိတဂေဟာရှိ ကလေး(၅၇) စုစုပေါင်း ကလေး(၁၀၄)ဦးတို့အား Mother Milk နို့ဘူးများကို ခရိုင်/မြို့နယ်အမျိုးသမီးကော်မတီ အဖွဲ့ဝင်များ၊ နှင့် မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများပူးပေါင်း၍ တိုက်ကျွေးခဲ့ကြသည်။
မြစ်သားမြို့နယ်တွင် အောက်တိုဘာ(၈)ရက်နေ့မှစတင်ကာ အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာ နေ့များ၌ ပုံမှန်တိုက်ကျွေး လျက်ရှိကြောင်းနှင့် ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေး (EDDC) နည်းစနစ်ကို တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုရန် ရည်ရွယ်ချက်ဖြင့် တိုက်ကျွေးခြင်းဖြစ် ကြောင်းသိရသည်။
မြမြမွန်