လှိုင်သာယာ (အရှေ့ပိုင်း) စက်တင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ် (၁) နာရီ၌ မြို့နယ်စာရေးဆရာ အသင်းအဖွဲ့များနှင့် အမျိုးသမီးရေးရာအဖွဲ့ (Book Club) အဖွဲ့ တို့ပူးပေါင်း၍ စာပေစကားဝိုင်း ကျင်းပပြုလုပ်သည်။
အဆိုပါစကားဝိုင်းတွင် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတ တိုးတက်စေရန်တို့အတွက် စာပေစကားဝိုင်းပြုလုပ်ရခြင်း ဖြစ်ကြောင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးအရာရှိ ကရှင်းလင်းပြောကြားပြီး စာရေးဆရာ ဇွဲမာန် (ဧရာ၀တီ) က “အနာဂတ်မဲ့သော ပစ္စုပ္ပန်” အမည်ရှိ ရသ၀တ္တုတိုမှာ သူမျှော်မှန်းခဲ့သော စာရေးဆရာကြီး ဖြစ်ကိုဖြစ်ရမည်ဆိုသည့် ပန်းတိုင်၊ သူ့ဘဝသူ့အကြောင်း၊ အနာဂတ်မဲ့သော ပစ္စုပန်ကာလပင်ဖြစ်ကြောင်းကို ဖတ်ကြားခဲ့ရာ တက်ရောက်လာသော စာရေးဆရာ အသင်းအဖွဲ့များမှလည်း ၀တ္တုတိုနှင့်ပတ်သတ်၍ ရေးသားသူ၏ ၀တ္တုပါအကြောင်းအရာ၊ ဇာတ်လမ်းအချိတ်အဆက်များကို အဓိကထား၍ ရှုထောင့်မျိုးစုံက အသီးသီးဝေဖန်အကြံပြု အပြန်အလှန်ဆွေးနွေးလျက်ရှိသည်။
အဆိုပါစာပေစကားဝိုင်း (Book Club) အဖွဲ့သို့ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် စာရေးဆရာအသင်းအမှုဆောင်များ၊ အမျိုးသမီးရေးရာအသင်း အတွင်းရေးမှူးနှင့်အဖွဲ့၀င်များ၊ စာအုပ်၊ စာစောင်စာပေချစ်မြတ်နိုးသူများ အသင်းတို့ တက်ရောက်လျက်ရှိသည်။
ခင်၀င်းမူ (ပြန်/ဆက်)