မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

မြစ်သား စက်တင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား  ထောက်ပံ့ပစ္စည်းများ  ထောက်ပံ့ပေးအပ် ခြင်းကို ယနေ့ နံနက်( ၁၀ )နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။         

ရှေးဦးစွာ မြစ်သားမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်က ထောက်ပံ့ပစ္စည်းများ  ပေးအပ်ရခြင်းနှင့်  ပတ်သက်၍  အမှာစကား ပြောကြားခဲ့ပြီး  ထိုနောက်  ဝန်ထမ်းများက တာဝန်ထမ်းဆောင်ရာတွင် တွေ့ကြုံရသည့် မိမိတို့ အခက်အခဲများနှင့် လိုအပ်ချက်များကို တင်ပြကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြန်လည်ရှင်းလင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာတွင်   မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးအေးခိုင်က လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်း(၁၁၆) ဦးအား တစ်ဦး လျှင် ဆီ(၅၀) ကျပ်သားနှင့် ကြက်ဥ(၁၀) လုံးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)