လောက်ကိုင်မြို့တွင် ဝင်ထွက်သွားလာသည့် မော်တော်ယာဥ်များ၌ တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်ခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်လျက်ရှိ

လောက်ကိုင် စက်တင်ဘာ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့တွင် ဝင်ထွက်သွားလာသည့် မော်တော်ယာဉ်များကို တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်ခြင်းမရှိစေရေးအတွက် စစ်ဆေးခြင်းနှင့် နိုင်ငံခြားသားများ တရားမဝင် ဝင်/ထွက် သွားလာမှုမရှိစေရေး စစ်ဆေးခြင်းလုပ်ငန်းများကို အမှတ် (၁) ရပ်ကွက် စစ်ဆေးရေးဂိတ်၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်မှုများကို ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် (လောက်ကိုင်) ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲ့တပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဦးစီး ဌာနတို့မှပူးပေါင်း၍ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချန်ထွန်းအောင် လောက်ကိုင် (ပြန်/ဆက်)