ဒေါပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအညီ သွားလာနေထိုင်တတ်စေရန်အတွက် အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန် စက်တင်ဘာ ၁၁

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် မြို့နယ်ယာဥ်ထိန်းတပ်ဖွဲ့စုမှ ဦးဆောင်၍ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က အမှတ် () အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဒေါပုံမြို့နယ်ယာဥ်ထိန်းတပ်ဖွဲ့မှ ဒုရဲမှူးအောင်မြင့်ထွန်းက ယာဥ်အန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ၊ အသက်အန္တရာယ် ထိခိုက်ပျက်စီးမှုများ၊ လမ်းကူသူများ၏ ပေါ့ဆမှုကြောင့် ဖြစ်ပွားခဲ့ရသည့် ထိခိုက်ပျက်စီးမှုများ၊ လမ်းကူးရာတွင်လိုက်နာရမည့် စည်းကမ်းများ၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လမ်းညွှန်သင်္ကေတများ စသည်တို့ကို ကျောင်းသား၊ ကျောင်းသူများအား ဟောပြောဆွေးနွေးခြင်းနှင့် အသိပညာပေးဗီဒီယိုများကို ဖွင့်လှစ်ပြသခဲ့သည်။ ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမှတ် () အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၃၀၀) ဦးကျော် တက်ရောက်ခဲ့ပြီး စိတ်ပါဝင်စားစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)