မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

မန္တလေး စက်တင်ဘာ ၁၁

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဒေါက်တာကျော်စိန်၏ ကိုယ်ရည်ကိုယ်သွေး စိတ်ပညာစာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀)နာရီတွင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က စာဖတ်ဝိုင်း ကျင်းပရသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြီး စာရေးဆရာမ ချိုဆက်ခင်က ကိုယ်ကျန်းမာ၍ စိတ်ချမ်းသာခြင်း၊ စိတ်ပျောက်သွားသော စိတ်ပညာ၊ ဦးထွန်းညိုက စိတ်ပညာသမိုင်း ထင်ရှားမှတ်တိုင်များ၊ အောင်မြင်ရေးအတွက် အသုံးချစိတ်ပညာ၊ စာပေဝါသနာရှင် ဒေါ်ခင်ခင်စိန်က ကိုယ်ရည်ကိုယ်သွေးခြင်းရာ လက္ခဏာများ၊ အပြင်စွဲ ကိုယ်‌ရည်သွေးခြင်းနှင့် အတွင်းစွဲ ကိုယ်ရည်သွေးခြင်း လက္ခဏာများ၊ စာပေဝါသနာရှင် မမိုးမိုးထွေးက ထူးခြားဆန်းပြား ကိုယ်ရည်ကိုယ်သွေးခြင်းရာ လက္ခဏာများတို့ကို ဦးဆောင် ဆွေးနွေးကြပြီး တက်ရောက်လာသည့် စာဖတ်ပရိတ်သတ်များက သိရှိလိုသည်များကို ဆွေးနွေး မေးမြန်းကြသည်။

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာအုပ်၊စာစောင် ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းများကို လစဉ်နှစ်ပတ်လျှင် တစ်ကြိမ် ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)