၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ

ပုသိမ်ကြီး  စက်တင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုလှိုင်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)နှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ဆက် လက်၍ တက်ရောက်လာကြသည့် ကျေးရွာဖွံ့ဖြိုးတက်ရေး ရန်ပုံငွေရရှိသည့် ကျေးရွာတာဝန်ခံများမှ  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည့် လုပ်ငန်းစဥ်များကို ရှင်းလင်းဆွေးနွးခဲ့ကြသည်။ ထို့နောက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ရန်ပုံငွေအတွက် တစ်ရွာလျှင် ကျပ်သိန်း (၁၅၀)ကို ရန်ပုံငွေရရှိသည့်ကျေးရွာ (၇) ရွာမှ တာဝန်ခံများအား မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုလှိုင်နှင့် ဦးစီးအရာရှိ ဒေါ်မြနန်းစိုးအောင်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇင်မင်းထွန်းတို့က အသီးသီး ပေးအပ်ခဲ့ကြသည်။

အဆိုပါ ရန်ပုံငွေရရှိသည့် ကျေးရွာ (၇)ရွာမှာ ညောင်ပင်သာ၊ လှိုင်းပေါက်၊ သက္ကယ်ကျင်း၊ သံဘို ကျွန်း၊ မြောင်းဦး၊ ကံပြင်၊ ညောင်ဝန်း ကျေးရွာများဖြစ်ကြပြီး ကွန်ကရစ်လမ်း တစရွာလျှင် တစ်လမ်းနှုန်းဖြင့် စုစုပေါင်း (၇) လမ်း အတွက် ပေပေါင်း (၆၂၃၅)ပေ၊  ဆိုလာရေသန့်စက် ၂ ခုတို့ အား ဆောင်ရွက်မည်ဖြစ်ရာ အကျိုးပြုအိမ်ခြေပေါင်း ၁၅၈၄ အိမ်နှင့် လူဦးရေပေါင်း ၇၁၃၁ ဦးတို့ အတွက် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)