ဆီဆိုင် စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ဆီဆိုင်မြို့နယ်တွင်ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးငယ်များအား နိုင်ငံတော်မှထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက တဘက်ကျေးရွာအုပ်စု၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထောက်ပံ့ပေးအပ်ရာတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ် နှစ်အောက် ကလေးငယ်များကို နိုင်ငံတော်မှ တစ်လလျှင် ငွေကျပ်တစ်သောင်းခွဲနှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်)လ တို့အတွက် ဆီဆိုင်မြို့နယ်၊ တဘက်ကျေးရွာအုပ်စုအတွင်းရှိ အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင် (၆၉)ဦး၊ အသက်(၂)နှစ်အောက်ကလေးငယ်(၆၃)ဦးတို့အား ထောက်ပံ့ငွေကျပ်(၅၈၀၅၀၀၀)ကို တဘက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုင်းကော်ခမ်းနှင့် တာဝန်ရှိသူတို့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)