ဘားအံ စက်တင်ဘာ ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမတွင် လူငယ်များအတွက် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်၊ စာပေဖတ်ရှု၍ ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် စာအုပ်၊စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ (Youth Club)အဖွဲ့ဝင်များဖြင့် စာရေးဆရာမ ခင်စောတင့်ရေးသားထားသော “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့် (ဒုတိယအကြိမ်)စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်း(BookClub)အဖွဲ့ဝင် ဦးမြင့်အောင်(ဖြူစင်မြင့်ချို)က နာမည်တောင် မပါတဲ့သူရယ် ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ ဘားအံပညာရေး ဒီဂရီကောလိပ်မှ (BookClub)အဖွဲ့ဝင် စောထက်ရန်နောင်လင်းက စကားပြောဖို့ ခလုပ်နှိပ်ပါ ၊ပန်းဥယျာဉ်အတွင်းဝယ် ခေါင်းစဉ်များဖြင့် လည်းကောင်း၊(BookClub) အဖွဲ့ဝင် မောင်ပြည့်တိုးအောင်က ကျေးဇူးပါအမေ၊ အမှတ်တရအချိန်များ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် လူငယ်များက သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာပေချစ်မြတ်နိုးသူများ ဆုံဆည်းရာ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ဘားအံမြို့နယ်အတွင်းရှိစာပေချစ်မြတ်နိုးသူလူငယ်များ၊ Book Club အဖွဲ့ဝင်များ၊ (Youth Club)အဖွဲ့ဝင်များစုစုပေါင်း (၄၅)ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)