သီပေါမြို့နယ်တွင်(၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊အက၊အရေး၊အတီးမြို့နယ်အဆင့်ပြိုင်ပွဲ ပြုလုပ်ကျင်းပ

 

သီပေါ စက်တင်ဘာ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊သီပေါမြို့နယ်၌(၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီကအမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ပိတောက်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်စိုးဝင်းက  အမှာစကားပြောကြားရာတွင် ၂၀၂၃ခုနှစ် (၂၄)ကြိမ်မြောက် အဆို၊ အက၊အရေး၊အတီးပြိုင်ပွဲကို ဦးတည်ချက်(၄)ရပ်ဖြင့် ကျင်းပရခြင်း ဖြစ်ကြောင်းနှင့် ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ် ပညာရေးမှူး ဦးမင်းကိုကိုက ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများကိုရှင်းလင်း ပြောကြားခဲ့ပြီးနောက် ပြိုင်ပွဲကို ကျင်းပကြခဲ့သည်။

ပြိုင်ပွဲတွင် အခြေခံပညာအဆင့် အသက်(၁၅)နှစ်မှ(၂၀)နှစ်အတွင်း အမျိုးသမီး ခေတ်ဟောင်း ကာလပေါ်တေး အဆို ယှဉ်ပြိုင်ခြင်း၊  အခြေခံပညာ အဆင့် အသက်(၁၅)နှစ်မှ (၂၀)နှစ် အတွင်း အမျိုးသမီး အကယှဉ်ပြိုင်ခြင်း၊ အခြေခံညာအဆင့် အသက်(၁၅)နှစ်မှ(၂၀)နှစ်အတွင်း အမျိုးသားခေတ်ဟောင်း ကာလပေါ်တေးအဆိုယှဉ်ပြိုင်ခြင်း၊ အခြေခံပညာ အဆင့် အသက်(၁၀)နှစ်မှ (၁၅)နှစ်အတွင်း အမျိုးသား၊ အမျိုးသမီး ခေတ်ဟောင်းကာလပေါ်တေး အဆိုယှဉ်ပြိုင်ခြင်း နှင့် အခြေခံပညာ အဆင့် အသက်(၁၀)နှစ်မှ (၁၅)နှစ် အတွင်း အမျိုးသမီး အကယှဉ်ပြိုင်ခြင်းများဖြင့် အသီးသီးပါဝင် ယှဉ်ပြိုင် ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲများကို သီပေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူ များကပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီးမြို့နယ်အဆင့် ဆုရပြိုင်ပွဲဝင်ကျောင်းသား၊ကျောင်းသူများမှ ခရိုင်အဆင့် ပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း မြို့နယ်ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)