လားရှိုး ၊ စက်တင်ဘာ ၁၁
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ (၅)နှစ် အမှတ်စဉ် (၁၁)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်၊စစ်ကိုင်း)ပထမနှစ် သင်တန်း ရွေးချယ်ရေးစာမေးပွဲကို စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၉ နာရီအချိန်က လားရှိုးမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင်ကျင်းပခဲ့ပါသည်။
အဆိုပါ စာမေးပွဲတွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေး ဘွဲ့(၅)နှစ်သင်တန်းကိုဖြေဆိုသူ (၈)ဦးနှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) ပထမနှစ်သင်တန်းကို ဖြေဆိုသူ (၁၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ (၅)နှစ် အမှတ်စဉ် (၁၁)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်၊စစ်ကိုင်း)ပထမနှစ်သင်တန်း ရွေးချယ်ရေးစာမေးပွဲသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း) ရှိ လားရှိုးစာစစ်ဌာနတွင် (၂၁)ဦး၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်(၁၇)ဦး၊ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွင်(၉)ဦး၊ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တွင် (၃) ဦး စုစုပေါင်း (၅၀)ဦးဖြေဆိုခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)