ဆီဆိုင်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး

ဆီဆိုင် စက်တင်ဘာ  ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များသည် ဘန့်ဗွီးကျေးရွာအုပ်စု၊ လွယ်မန့်ဘုန်းတော်ကြီးကျောင်းအသစ် ဆောက်လုပ်နိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာနှင့် ဝန်ထမ်းမိသားစုဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စုပေါင်း၍ လှူဒါန်းသည့် အလှူငွေကျပ် (၃၇၅၀၀၀၀)အား ဘုန်းတော်ကြီးကျောင်းတည်ဆောက်နိုင်ရေးကော်မတီထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်/ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော တည်ဆောက်ရေးလုပ်ငန်းများဖြစ်သည့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်နယ်ပြင်ထိန်းရန်ပုံငွေ (၁၉.၆)သန်းဖြင့် တာဝန်ယူဆောင်ရွက်သည့် ဘန့်ဗွီးကျေးရွာအုပ်စုအတွင်းရှိ ဟိုနောင်-ဆော့ဆားလမ်းပိုင်း(၀/၃.၅)မိုင် မြေသားလမ်းဖောက်လုပ်ခြင်းနှင့် ပါလောပါကယ်ကျေးရွာအုပ်စုအတွင်းရှိ အ.ထ.က(ခွဲ)ကောင်ပန်တန်းကျောင်းအား KT Empire ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် (၉၀ပေ၊ ၃၀ပေ)(၂၇၀၀ စ/ပေ) RCC(၁)ထပ် ကျောင်းဆောင်သစ် (၂၅)ရာခိုင်နှုန်း ပြီးစီးမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။  

မျိုးမြတ်(ဆီဆိုင်)